ဖုန်းပျက်စီးသွားပါက လုပ်ဆောင်ရန်
၁။ Mobile Care Service Package ဝယ်ယူထားသော Customer
များအနေဖြင့် မိမိဖုန်းပျက်စီးသွားပါက ရှေးဦးစွာ Mobile Care ၏
Hotline ဖုန်း နံပါတ် (09 76 8000 606) သို့ ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ပါသည်။
ပျက်စီးသွားသည့်ဖုန်း၏ IMEI ၊ ပျက်စီးမှုအခြေအနေ၊
ဆက်သွယ်ရန်ဖုန်း နံပါတ် စသည်တို့ကို မှတ်တမ်းရယူထားမည်ဖြစ်ပါသည်။
၂။ ဖုန်းပျက်စီးမှုနှင့် ပတ်သက်ပြီး Mobile Care Service
Department မှစစ်ဆေးချိန် (၁၅ မိနစ်) ခန့်ကြာမြင့်မည်ဖြစ်ပြီး
(၁၅မိနစ်) ခန့်အကြာတွင် အထက်တွင်မှတ်တမ်းရယူထားသည့်
ဖုန်းနံပါတ်သို့ Mobile Care Swift ဖြင့် ပေးပို့သော SMS
ရောက်ရှိလာမည်ဖြစ်ပါသည်။ SMS တွင် ပြင်ဆင်ရမည့် Service Center
အမည်၊ Service Center တည်နေရာ ပြင်ဆင်ရန် ကြာချိန်တို့ကို
ပေးပို့ပေးမည်ဖြစ်ပါသည်။ Mobile Care Hotline မှဖုန်းဖြင့်လည်း
ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပါသည်။
၃။ မိမိဖုန်းပြင်ဆင်မှုအခြေအနေများကို Mobile Care Swift မှ
အချိန်နှင့်တစ်ပြေးညီပေးပို့ပေးမည်ဖြစ်ပြီး၊ Mobile Care Hotline
သို့လည်း ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်ပါသည်။
၄။ ပြင်ဆင်မှုပြီးစီးပြီးနောက် (၁)ပတ်အတွင်း Mobile Care Hotline
မှ ပြင်ဆင်မှုအတွက်
အဆင်ပြေမှုရှိမရှိစစ်တမ်းကောက်ယူမည်ဖြစ်ပါသည်။
Mobile Care Service Policy
Mobile Phone Service Package ဝယ်ယူထားသော Customer များသည် အောက်ဖော်ပြပါစည်းကမ်းများအတိုင်း ဖုန်းအခမဲ့ပြုပြင်ခွင့် ရရှိမည်ဖြစ်ပြီး၊ Mobile Care Service Package Policy တွင် ပါရှိသည့်အချက်များနှင့် ပတ်သက်ပြီး သိရှိလိုသည်များရှိပါက(09 76 8000 606)ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။ ယခု Service Policy သည် Customer မှ Mobile Care Service Package မဝယ်ယူခင်အချိန်တွင်နားလည်သိရှိပြီး မိမိသဘောဆန္ဒအလျောက် Mobile Care Service Package ဝယ်ယူခြင်းဖြစ်ပါသည်။ Mobile Care Service Policy သည် Mobility Management Co., Ltd ၏မူပိုင်ထုတ်ပြန်ထားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင်းနှင့်မျှ ကူးယူ ကိုးကားခြင်းများအား ခွင့်မပြုပါ။
၁။ Mobile Care ဝယ်ယူပြီးနောက် စတင် အကျုံးဝင်ခြင်းနှင့် သက်တမ်းကုန်ဆုံးခြင်း
Mobile Care Service Packageများကိုဝယ်ယူရန်ငွေရှင်းပြီးသည့်အချိန်မှစတင်ပြီးအကျုံးဝင်ပါသည်။ ဖုန်းဝယ်ပြီးပြီဖြစ်သော်လည်း Mobile Care Serviceဝယ်ယူရန် ငွေမရှင်းခင်ဖြစ်ပေါ်သည့် ထိခိုက်ပျက်စီးမှုများအတွက် Mobile Care Service ဖြင့် အခမဲ့ပြင်ဆင်ခွင့် ရရှိနိုင်မည်မဟုတ်ပါ။ Mobile Care Service သက်တမ်းကို ရက်ကျော်လွန်သွားသော ပြင်ဆင်မှုများအတွက် Mobile Care Service ဖြင့် အခမဲ့ပြင်ဆင်ခွင့်ရရှိမည်မဟုတ်ပါ။ Service သက်တမ်းဆိုသည်မှာ Customer မှ ဖုန်းပြင်ဆင်ရန် Service Center သို့ လာရောက် အကြောင်းကြားသော အချိန်ကို အတည်ယူသတ်မှတ်ပါသည်။
၂။ Mobile Care Service Policy ဖြင့် အကျုံးဝင်သော ဖုန်းများ
Mobile Care Service Package မဝယ်ခင် ဖုန်းသည်
ပျက်စီးထိခိုက်ထားခြင်းမျိုးရှိနေပါက Mobile Care Service
Package ဝယ်ယူခွင့် ရရှိမည်မဟုတ်ပဲ ဖုန်းသည်
အကောင်းပကတိအခြေအနေအတိုင်းရှိနေရမည်ဖြစ်ပါသည်။ Mobile Care
Service ဖြင့် အခမဲ့ပြင်ဆင်ခွင့်ရရှိ မည့်ဖုန်းများသည် Mobile
Care Service Package ဝယ်ယူစဉ်က Information နှင့်ကိုက်ညီရမည့်
အချက်များ ဝယ်ယူစဉ်က ပေးထားသော အောက်ပါအချက်အလက်များဖြင့်
ကိုက်ညီရမည်ဖြစ်ပြီး မကိုက်ညီပါက Mobile Care Service ဖြင့်
အခမဲ့ပြုပြင်နိုင်မည်မဟုတ်ပါ။
- ဖုန်း Brand နှင့် ဖုန်း Model
- ဖုန်း၏ IMEI နံပါတ်
၃။ Service Policy နှင့်ကိုက်ညီပြီး အခမဲ့ပြင်ဆင်ခွင့်ရရှိသည့် အစိတ်အပိုင်းများ
- ပြင်ပထိခိုက်မှု တစ်စုံတစ်ရာကြောင့်ဖြစ်သော Screen Damage
များ၊
- ပြင်ပထိခိုက်မှု တစ်စုံတစ်ရာကြောင့်ဖြစ်သော အတွင်း Screen
Damage များ၊
- Mobile Care Extra (Flip & Fold) Package
ဝယ်ယူထားသူများအနေဖြင့် Flip & Fold ပြုလုပ်ရင်းဖြစ်သော Screen
Error များ။
၄။ Service Policy နှင့်မကိုက်ညီပဲ အခမဲ့ပြင်ဆင်ခွင့်မရရှိသည့် အစိတ်အပိုင်းများ
-ဝယ်ယူထားသော Package ထက်ကျော်လွန်သော ပြင်ဆင်မှု
အစိတ်အပိုင်းများ၊
- Battery လောင်ကျွမ်းခြင်းကြောင့်ဖြစ်ပွါးသော Screen
ပျက်စီးခြင်းတစ်စုံတစ်ရာ၊
- IMEI စစ်ဆေးလို့မရနိုင်သော ဖုန်းများ၊
- ရည်ရွယ်ချက်ရှိရှိထိခိုက်ပျက်စီးအောင် ပြုလုပ်ခဲ့သော
ပျက်စီးခြင်းများ၊
-ရေဝင်/ဆီဝင် ခြင်းများကြောင့် Screen ထိခိုက်ပျက်စီးသော
ဖုန်းများ၊
-Cosmetic Damage များ။
၅။ ဖုန်းပိုင်ဆိုင်မှုနှင့် Data Privacy
ဖုန်းပျက်စီးပြီး Mobile Care Service ရယူသည့်အချိန်တွင် ဖုန်းပိုင်ရှင်ကိုယ်တိုင်လာရောက်ပြင်ဆင်ခြင်း (သို့) ဖုန်းပိုင်ရှင်မှ ခွင့်ပြုထားသော သူတစ်ဦးမှလာရောက် ပြင်ဆင်ရမည်ဖြစ်ပြီး၊ ပိုင်ရှင်သိရှိခြင်းမရှိပဲ လာရောက်ပြင်ဆင်ခြင်း (သို့) ခိုးယူထားသောဖုန်းများအား Mobile Care Service ဖြင့် အခမဲ့ပြုပြင်နိုင်မည်မဟုတ်ပါ။ ဖုန်းပြုပြင်သည့်အခါတွင် Customer များ၏ Data Privacy ကိုလေးစား လိုက်နာသည့်အနေဖြင့် မိမိဆန္ဒလျောက် ဖုန်း Password များအား အသိမပေးပဲ ပြုပြင်နိုင် ပါသည်။ ပြင်ဆင်ပြီးသည့်နောက်တွင် Service Person နှင့်အတူ မိမိဖုန်းပြင်ဆင်ပြီးအခြေအနေများကို စစ်ဆေးနိုင်ပါသည်။ ဖုန်းများ Screen ပြင်ဆင်ရာတွင် မမျှော်လင့်ထားသော အခြေအနေများကြောင့် ဖုန်းတွင်းရှိ Data များ ပျောက်ဆုံးပျက်စီးနိုင်သည်ကို နားလည်သိရှိရမည်ဖြစ်ပါသည်။
၆။ ဖုန်းပြင်ဆင်နှင့်မှုနှင့်ပတ်သက်သည့် ငွေပေးချေခြင်း
Mobile Care Service ဖြင့် အခမဲ့ပြင်ဆင်ခွင့်ရရှိသော ဖုန်းများသည် Screen ပြင်ဆင်မှုများအတွက် မည်သည့် Service Center တွင်မဆို အခကြေးငွေတစ်စုံတစ်ရာ ပေး ချေရန်မလိုပါ။ Screen မဟုတ်သော ပြင်ဆင်မှုများအတွက် Customer မှ ၁၀၀%ပေးချေရမည်ဖြစ်ပါသည်။ Mobile Care Service Package များသည်(၁)နှစ်အတွင်း (၂)ကြိမ်အခမဲ့ ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။ အထက်ပါPolicy နှင့်ပတ်သက်ပြီး အငြင်းပွါးဖွယ်ရာ တစ်စုံတစ်ရာရှိခဲ့ပါကMobility Management Co.,Ltd ၏ ဆုံးဖြတ် ချက်သည်သာ အတည်ဖြစ်ပြီး၊ယခု Mobile Care Service Policy ကို Mobile Care နှင့် စာချုပ်ချုပ်ဆိုထားသော Dealer ဆိုင်များအားလုံးနှင့် သက်ဆိုင်ပါသည်။
Mobility Management Co., Ltd. All rights reserved. ဤ Mobile Care Service Policy ကို ကူးယူခြင်း၊ ကိုးကားအသုံးပြုခြင်း၊ Electronic or Mechanical နည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ ကူးယူခြင်းများအား ခွင့်မပြုပါ။ ကူးယူလိုပါက Mobility Management Co., Ltd ထံသို့ စာဖြင့်ရေးသား ခွင့်ပြုချက်တောင်းခံရမည်ဖြစ် ပါသည်။ info@mobility-m.com သို့ Email ပေးပို့ ၍ ဖြစ်စေ Hotline ဖုန်းနံပါတ် (+95-9) 76 8000 606 သို့ဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
Mobile Care Sales Policy (For Mobile Care Warranty)
Mobile Care Warranty Package များဝယ်ယူရာတွင် သိရှိရန်အချက်များ (For Mobile Care Warranty)
ဤစာရွက်စာတမ်းတွင် Mobility Management Co., Ltd မှပေးအပ်သော Mobile Care Warranty Program အရရောင်းချပေးပြီး ၎င်း Program တွင် စာရင်းသွင်းထားသော မိုဘိုင်းဖုန်းများအတွက် Mobile Care ၏ ဖုန်း warrantyနှင့် ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်အပြည့်အစုံကို ဖော်ပြထား ပါသည်။ Mobile Care Warranty ဟုဆိုရာတွင် Mobility Management Co., Ltd မှရောင်းချသော Factory Warranty Program တစ်ခုဖြစ်ပါသည်။ MAS ဟူသည်မှာ Mobile Care Authorized Services (Mobile Care မှခွင့်ပြုထား သောService Center များ/ဝန်ဆောင်မှုပေးမည့်ဖုန်းဆိုင်များ) ဖြစ်ပြီး ဤ warrantyအရ ဖုန်းများတွင် ဖြစ်ပေါ်သည့် ပြဿနာအား စစ်ဆေးခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ဖုန်းအသစ်တစ်လုံး အစားထိုး လဲလှယ် ပေးခြင်းတို့ပြုလုပ်ရန် တည်ထောင်ထားသော ဝန်ဆောင်မှုပေးသည့် Service ကွန်ယက်တစ်ခု ဖြစ်ပါသည်။ Customer ဆိုသည်မှာ ဖုန်းကို ဆိုင်မှဝယ်ယူထားပြီး ဤ warranty ကိုရယူရန်အတွက် စာရင်းသွင်းထားသည့် မူလဝယ်ယူသူ သို့မဟုတ် ဖုန်းပိုင်ရှင်ကိုဆိုလိုသည်။ Device ဆိုသည်မှာ Mobile Care Warranty Program တွင် စာရင်းသွင်းထားပြီး ဤစည်းကမ်းသတ် မှတ်ချက်များနှင့် အကျုံးဝင်သော ဖုန်းကို ဆိုလိုသည်။ Warranty Period ဆိုသည်မှာ ဖုန်းဝယ်ယူသည့် ဘောက်ချာစာရွက်ပေါ်တွင်ပါရှိသည့် ဝယ်ယူသည့်နေ့စွဲမှ (၁)နှစ်တိတိဖြစ်သည့် warranty သက်တမ်းကာလဖြစ်သည်။
Service Policy (For Mobile Care Warranty)
Mobile Care Warranty Package ဝယ်ယူထားသော Customer များသည် အောက်ဖော်ပြပါစည်းကမ်းများ အတိုင်း ဖုန်းအခမဲ့ပြုပြင်ခွင့် ရရှိမည်ဖြစ်ပြီး၊ Mobile Care Warranty Package Policy တွင် ပါရှိသည့်အချက်များနှင့် ပတ်သက်ပြီး သိရှိလိုသည်များရှိပါက(09 76 8000 606)ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။ ယခု Service Policy သည် Customer မှ Mobile Care Warranty Package မဝယ်ယူခင်အချိန်တွင်နားလည် သိရှိပြီး မိမိသဘောဆန္ဒ အလျောက် Mobile Care Warranty Package ဝယ်ယူခြင်းဖြစ်ပါသည်။ Mobile Care Warranty Package Policy သည် Mobility Management Co., Ltd ၏မူပိုင်ထုတ်ပြန်ထားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင်းနှင့်မျှ ကူးယူ ကိုးကားခြင်းများအား ခွင့်မပြုပါ။
၁။ Mobile Care ဝယ်ယူပြီးနောက် စတင် အကျုံးဝင်ခြင်းနှင့် သက်တမ်းကုန်ဆုံးခြင်း
Mobile Care Warranty Packageများကို Register ပြုလုပ်ပြီးသည့်အချိန်မှစတင်ပြီးအကျုံးဝင်ပါသည်။ ဖုန်းဝယ်ပြီး Physical ထိခိုက်ပျက်စီးမှုများ အတွက် Mobile Care Warranty ဖြင့် အခမဲ့ပြင်ဆင်ခွင့် ရရှိနိုင်မည်မဟုတ်ပါ။ Mobile Care Warranty သက်တမ်းကို ရက်ကျော်လွန်သွားသော ပြင်ဆင်မှုများအတွက် Mobile Care Service ဖြင့် အခမဲ့ပြင်ဆင်ခွင့်ရရှိမည်မဟုတ်ပါ။ Service သက်တမ်းဆိုသည်မှာ Customer မှ ဖုန်းပြင်ဆင်ရန် Service Center သို့ လာရောက် အကြောင်းကြားသော အချိန်ကို အတည်ယူသတ်မှတ်ပါသည်။
၂။ Mobile Care Service Policy ဖြင့် အကျုံးဝင်သော ဖုန်းများ
Mobile Care Warranty Package မဝယ်ခင် ဖုန်းသည် ပျက်စီးထိခိုက်ထားခြင်းမျိုးရှိနေပါက Mobile Care Warranty Package ဝယ်ယူခွင့် ရရှိမည်မဟုတ်ပဲ ဖုန်းသည် အကောင်းပကတိအခြေအနေ အတိုင်းရှိနေရမည်ဖြစ်ပါသည်။ Mobile Care Service ဖြင့် အခမဲ့ပြင်ဆင်ခွင့်ရရှိ မည့်ဖုန်းများသည် Mobile Care Service Package ဝယ်ယူစဉ်က Information နှင့်ကိုက်ညီရမည့် အချက်များ ဝယ်ယူစဉ်က ပေးထားသော အောက်ပါအချက်အလက်များဖြင့် ကိုက်ညီရမည်ဖြစ်ပြီး မကိုက်ညီပါက Mobile Care Service ဖြင့် အခမဲ့ပြုပြင်နိုင်မည်မဟုတ်ပါ။ (For Mobile Care Warranty Package) Factory Error ဆိုသည်မှာ ဖုန်း၏ ပုံမှန်လည်ပတ်လုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေသော Phone Hardware တွင်လည်းကောင်း၊ Phone Software တွင်လည်းကောင်း ထုတ်လုပ်ရာတွင် Error ပါလာခြင်းဖြစ်သည်။ ယင်း Error မှာ မတော်တဆဖြစ်ခြင်းကြောင့်(သို့မဟုတ်) ပြင်ပထိခိုက်မှုတစ်စုံတစ်ရာကြောင့် (သို့မဟုတ်) မိမိဆန္ဒအလျောက် ပြုပြင်ခြင်းတို့ကြောင့်ဖြစ်သည့် Error မဟုတ်ပါ။ Service Fee ဆိုသည်မှာ MAS သို့မဟုတ် ပြုပြင်ရန်ခွင့်ပြုထားသော Mobile Care ၏ မိတ်ဖက် ဖုန်းဆိုင်တစ်ဆိုင် (authorized partner)က ဖုန်းပြုပြင်ရန် ကောက်ခံသည့် ဝန်ဆောင်ခကို ဆိုလိုသည်။ Spare Parts ဆိုသည်မှာ charging port, camera, module သို့မဟုတ် battery ကဲ့သို့သော ဖုန်းပြုပြင် ပေးရန်လိုအပ်သည့် ဖုန်းအပိုပစ္စည်းများကို ဆိုလိုသည်။ - ဖုန်း Brand နှင့် ဖုန်း Model - ဖုန်း၏ IMEI နံပါတ်
၃။ Service Policy နှင့်ကိုက်ညီပြီး အခမဲ့ပြင်ဆင်ခွင့်ရရှိသည့် အစိတ်အပိုင်းများ
-Warranty သက်တမ်း
Mobile Care ၏ ဖုန်း warranty မှာ ဖုန်းဝယ်ယူသည့် ဘောက်ချာတွင်ဖော်ပြထားသော ဝယ်ယူသည့်နေ့စွဲ မှ (၁)နှစ် သက်တမ်းရှိမည်ဖြစ်သည်။ ဝယ်ယူသည့်နေ့မှစပြီး ပထမ (၁၄)ရက်အတွင်း၌ ဖုန်း တွင် factory error ပါလာကြောင်းမှန်ကန်ပါက customer အနေဖြင့် Brand နှင့် Model တူညီသော ဖုန်းအသစ်တစ်လုံး အစားထိုးလဲလှယ်ပေးပါသည်။ ဖုန်းစတင်ဝယ်ယူသည့်နေ့မှ စ၍ Warranty ကာလ (၁၅) ရက်မြောက်သည့်နေ့မှ (၃၆၅) ရက်မြောက်သည့်နေ့အတွင်းတွင် ယင်းသို့ factory error ကြောင့်ဖြစ်ပေါ်သော ဖုန်းချွတ်ယွင်းမှုများအား Mobile Care က ဆက်လက် တာဝန်ယူပြုပြင်ပေးမည် ဖြစ်သဖြင့် MAS သို့မဟုတ် မိတ်ဖက်ဖုန်းဆိုင်တစ်ဆိုင်မှ ဝန်ဆောင်ခ အခမဲ့ဖြင့် ပြုပြင်ပေးမည်ဖြစ်သည်။ Customer အနေဖြင့် ဖုန်းပြင်ရာတွင် အသုံးပြုရသည့် အပိုပစ္စည်းဖိုးကိုသာ ကျခံပေးရမည်ဖြစ်သည်။
ဥပမာအားဖြင့် - customer တစ်ဦးက ဖုန်းဝယ်ပြီး တတိယလအတွင်း၌ factory fault ကြောင့် ကင်မရာ အသုံးပြု၍မရပါက MAS က အခမဲ့ပြုပြင်ပေးမည်ဖြစ်သည်။ ယင်းသို့အခမဲ့ပြုပြင်ပေးရာတွင် အကယ်၍ camera module အစားထိုးရန်လိုအပ်ပါက ယင်းအတွက်သာလျှင် customer က ကုန်ကျမည်ဖြစ်ပြီး ပြုပြင်စရိတ်ပေးဆောင်ရန်မလိုပါ။
-Warranty တွင်အကျုံးဝင်မှုနှင့် စာရင်းသွင်းထားခြင်း
ဤ Mobile Care ၏ Warranty မှာ customer က ထုတ်လုပ်သည့်ကုမ္ပဏီ၏ တရားဝင် warranty မပါဘဲ ဖုန်းဝယ်ယူ၍ Mobile Care Warranty Program တွင် စာရင်းသွင်းထားသည့် ဖုန်းများအတွက်သာ အကျုံးဝင်မည်ဖြစ်သည်။ ယင်း Program တွင် အမှန်တကယ်စာရင်းသွင်းထား မှသာလျှင် warranty ကို ရရှိခံစားနိုင်မည်ဖြစ်သည်။ Customer က ဖုန်း၏ IMEI၊ ဖုန်းဝယ်ယူထားသည့် ဘောက်ချာစာရွက်နှင့် အခြား လိုအပ်သောအချက်အလက်များကို ဖုန်းဝယ်ယူပြီး နေ့တွင် Mobile Care ကသတ်မှတ်ထားသော Online Registration System တွင် စာရင်းသွင်းပေးရမည်ဖြစ်သည်။ အကယ်၍ ဖုန်းဝယ်ယူသည့်နေ့တွင် စာရင်းသွင်းမထားခဲ့ပါက Mobile Care ဘက်မှ warranty ကို ရယူခံစားခွင့် ရှိမည်မဟုတ်ပါ။ စာရင်းသွင်းရာတွင် အမှားအယွင်းပါဝင်ခြင်း သို့မဟုတ် မပြည့်စုံခြင်းတို့ တွေ့ရှိပါက လည်း warranty အရ ရရှိမည့် အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးမည်ဖြစ်သည်။
-Warranty ပေးမည့်အတိုင်းအတာ
ဤ Mobile Care Warranty မှာ ဖုန်းမှာပုံမှန်လုပ်ဆောင်မှုမှုများပျက်ပြားစေသည့် factory error များဖြစ်လာခြင်း အတွက်ပေးသည့်ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ဖုန်းတွင်ဖြစ်ပေါ်သည့်ပြဿနာအားစစ်ဆေးဖော်ထုတ်ပြီး တွေ့ရှိရသည့် အောက်ပါပြဿနာများမှာ Mobile Care Warranty တွင်အကျုံးဝင်စေမည် ဖြစ် သည်။
- ▲ ဖုန်းအတွင်းပိုင်းမှ Motherboard သို့မဟုတ် processor များအလုပ်မလုပ်သဖြင့် ဖုန်းပျက်ခြင်း။
- ▲ ထုတ်လုပ်စဉ်ကပါလာသောErrorများကြောင့် Camera၊ Speaker၊ Microphone၊ Button၊ Display သို့မဟုတ် Sensor များအလုပ်မလုပ်ခြင်း။
- ▲ Warranty သက်တမ်းအတွင်း၌ factory error ကြောင့် Battery အပူလွန်ခြင်း သို့မဟုတ် လုပ် ဆောင်မှု ပျက်ပြားခြင်း။
- ▲ ထုတ်လုပ်စဉ်က Error ကြောင့် မူလက ပါသော system firmware သို့မဟုတ် ကြိုတင် install လုပ်ထားသော system application များ error တက်၍ ဆော့ဖ်ဝဲချွတ်ယွင်းခြင်း၊ Error ပါသော ဖုန်းအစိတ်အပိုင်းများကြောင့် သို့မဟုတ် ဖုန်းတပ်ဆင်ရာတွင် ချွတ် ချော်မှုကြောင့်ဖြစ်ပေါ်လာသော မကြာခဏ ဖုန်းပိတ်သွားခြင်း၊ ဖုန်းမှ တချိန်လုံး restart ဖြစ် သွားပြီး loading လုပ်နေခြင်း၊ သို့ မဟုတ် အားသွင်း၍ မဝင်ခြင်း။
ဖုန်းပြဿနာနှင့်ပတ်သက်၍စစ်ဆေးမှုများ၊ ပြုပြင်မှုများနှင့် အစားထိုးပြုပြင်မှုများအား MAS သို့မဟုတ် သတ်မှတ်ထားသော ဖုန်းဆိုင်ကသာ လုပ်ဆောင်ပေးရမည်ဖြစ်ပြီး ခွင့်ပြုထား ခြင်း မရှိသော ဖုန်းပြင်ဆင်ပေးမှုများပြုလုပ်ပါက warranty အရ ရရှိမည့်အခွင့်အရေးများ ဆုံးရှုံးမည် ဖြစ် သည်။
၄။ Extended Warranty Policy နှင့်မကိုက်ညီသည့်အချက်များ
Warranty ပေးခြင်းတွင် အောက်ပါ အခြေအနေများအကျုံးမဝင်ပါ။
- ▲ ဖုန်းပျက်စီးခြင်း သို့မဟုတ် လွတ်ကျ၍ကွဲခြင်း၊ ဆောင့်မိခြင်း၊ ဖရိန်ကွဲခြင်း၊ မှန်အက်သွားခြင်း သို့မဟုတ် (မိုးရေထိခြင်း သို့မဟုတ် ရေထဲကျသွားခြင်းကြောင့်) ရေဝင်သွားခြင်း၊ ဖုန်းတစ်လုံး၏ လုပ်ဆောင်မှုကို ပျက်ပြားစေသည့် ဖုန်းတွင် ကုတ်ရာခြစ်ရာများထင်ခြင်း၊ ချိုင့်ဝင်ခြင်း၊ စွန်း ထင်းခြင်း၊ သို့မဟုတ် ဖုန်း၏ အပေါ်ယံဆေးသားကွာကျခြင်းတို့ကဲ့သို့သော ဖုန်း၏ကိုယ်ထည် ပိုင်းတွင် ချွတ်ယွင်းလာခြင်း။
- ▲ သတ်မှတ်ချက်နှင့်ကိုက်ညီခြင်းမရှိသော power supply များ၊ အခြားဖုန်းကုမ္ပဏီမှ ထုတ်လုပ် သော ဆက်စပ်ပစ္စည်းများ သို့မဟုတ် ဖုန်းအစိတ်အပိုင်းအတုများသုံးခြင်းကြောင့် ဖြစ်ပေါ်လာ သော ပျက်စီးမှုနှင့် ချွတ်ယွင်းမှုများ
- ▲ Mobile Care အားအသိပေးခြင်းမရှိပဲ ကိုယ်တိုင်ဖုန်းအားပြုပြင်ပြောင်းလဲခြင်း၊ ဖုန်းတွင်ပါဝင်သောစနစ်ကိုဖျက်၍ အခြားဆော့ဖ်ဝဲထည့်နိုင်ရန် ပြင်ဆင်ခြင်း၊ သို့မဟုတ် ခွင့်ပြုချက်မရှိသော firmware update များ ထည့်သွင်းခြင်းတို့ကြောင့် ဖုန်း ထိခိုက်ပျက်စီးမှု။
- ▲ သက်တမ်းကြာလာသဖြင့် ဖုန်းဘက်ထရီမှာ တဖြည်းဖြည်းနှင့် အားမကောင်းတော့ခြင်း၊ ဖုန်း၏ဗီဒီယိုမှရုပ်ထွက်များ မူမမှန်ခြင်း သို့မဟုတ် pixel များ သက်တမ်းကြာလာသဖြင့် အလုပ်မလုပ်နိုင်တော့ခြင်း။
- ▲ ဖုန်း ပျောက်ဆုံးခြင်း သို့မဟုတ် အခိုးခံရခြင်း၊ သို့မဟုတ် warranty နှင့်အကျုံးမဝင်သော အခြေ အနေများကြောင့် ဈေးသက်သာသောဆိုင်တွင်ဖုန်းပြင်ရာမှ ပြန်ပြင်၍ မရနိုင်လောက်အောင် ဖုန်းထိခိုက်ပျက်စီးသွားခြင်း။
- ▲ Malware များကြောင့်လည်းကောင်း၊ မဆိုင်သော Application များကြောင့်လည်းကောင်း၊ သို့မဟုတ် သုံးစွဲသူက factory ၏ သတ်မှတ်ချက်များကိုကျော်လွန်ကာ configuration များ ပြောင်းပစ်ခြင်း တို့ကြောင့်လည်းကောင်း၊ ဖြစ်ပေါ်လာသော ပြဿနာများ။
Mobile Care Service Package သို့မဟုတ် coverage ပါသော X ဖုန်းမှန်မကွဲကို ဝယ်ယူထားသော customer များ အနေဖြင့် အဆိုပါ သီးခြား program များအရ မတော်တဆဖုန်းမှန်ကွဲပါက ပြုပြင်မှုရရှိခံစားနိုင်မည်ဖြစ် သည်။ ယင်းကဲ့သို့ မတော်တဆကြောင့်ဖြစ်ပေါ်သော တောင်းခံမှု (claim) များမှာ ဤ warranty ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် ဘောင်မဝင်ပါ။
Warranty အရ ရရှိမည့် အစီအစဉ်
Customer မှ ဖုန်းပြုပြင်လိုပါက သက်ဆိုင်ရာဖုန်း၊ ဖုန်းဝယ်ယူထားသည့် ဘောင်ချာ စာရွက် မူရင်းနှင့် Mobile Care Warranty Program တွင်မှတ်ပုံတင်ထားကြောင်း အတည်ပြုချက်တို့ဖြင့် MAS တစ်ခုရှိရာသို့ သွားရောက်ရမည်ဖြစ်သည်။ ယင်းသို့ ရောက်ရှိလာသော customer ၏ ဖုန်းတွင် ဤ warranty စနစ်ဖြင့်အကျုံးဝင်သော factory fault ကြောင့် ဖုန်းပျက်ခြင်းဟုတ်၊ မဟုတ်ကို MAS မှ တတ်ကျွမ်းသူတစ်ဦးက စစ်ဆေးကြည့်ရှုမည်ဖြစ်သည်။ အကယ်၍ ၎င်း customer က Warranty အရ လာရောက်တောင်းခံမှုမှာ ဘောင်ဝင်ပါက အပိုဒ် (၂) တွင်ဖော်ပြထားသည်နှင့်အညီ ၎င်း MAS မှ ဖုန်းအသစ် တစ်လုံးအစားထိုးလဲလှယ်ပေးခြင်း သို့မဟုတ် ဖုန်းပြင်ပေးခြင်းတို့ ဆောင်ရွက်ပေးမည် ဖြစ်သည်။ အကယ်၍ တောင်းခံမှုမှာ warranty စနစ်ဖြင့် ဘောင်မဝင်ပါက MAS အနေဖြင့်တွေ့ရှိ ချက် များအား ရှင်းပြပေးမည်ဖြစ်ပြီး လိုအပ်ပါက ပြင်ဆင်ခ ကျခံစေသည့်နည်းဖြင့် ပြုပြင်ပေးမည်ဖြစ်ကြောင်း ရှင်းပြမည် ဖြစ်ပါသည်။ ဖုန်းပြုပြင်ရမည့် အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ၁။ ပြုပြင်ရမည့်ဖုန်း၊ ဝယ်ယူထားသည့်ဘောက်ချာစာရွက်နှင့် (IMEI အပါအဝင်) Mobile Care Warranty Program တွင် စာရင်းသွင်းထားသည့်မှတ်တမ်းတို့ကို ပြရန်။
- ၂။ ဖုန်းတွင် ဘာပြဿနာဖြစ်သည်ကို အတည်ပြုပေးနိုင်ရန်အတွက် MAS အား ဖုန်းကိုစစ်ဆေး၊ စမ်းသပ် ခွင့်ပေးရန်။
- ၃။ ဖုန်းတွင်ဖြစ်သည့်ပြဿနာမှာ ဤ warranty နှင့်ဘောင်ဝင်ခြင်း ရှိ/မရှိ စာဖြင့်ရေးသားအတည်ပြုထား သော စစ်ဆေးတွေ့ရှိချက်ကို ယူရန်။
- ၄။ အကယ်၍ warranty နှင့်ဘောင်ဝင်ပါက (၁၄)ရက်အတွင်း၌ လဲလှယ်ပေးသည့် ဖုန်းအသစ် တလုံးကိုရယူရန်နှင့် ၁၄ ရက်ကျော်လာသည့်နောက်ပိုင်းတွင် ဖုန်းအား အခမဲ့ပြင်ဆင်ခွင့် ရယူရန်။ သို့ရာ တွင် ဖုန်းပြင်ရာတွင် အစိတ်အပိုင်းလဲလှယ်တပ်ဆင်ရပါက ယင်းအတွက် ကျခံ ပေးရန်။
- ၅။ အကယ်၍ warranty နှင့်အကျုံးမဝင်လျှင် လာရောက်ပြသသော customer အား ၎င်းအနေဖြင့် ဖုန်းပြင်ခပေးစေခြင်း သို့မဟုတ် လိုအပ်ပါက (ဥပမာ- Mobile Care ၏ Service Package များဝယ်ယူထားခြင်း သို့မဟုတ် X မှန်မကွဲဝယ်ယူထားခြင်းစသည့်အချက်တို့အားဖြင့်) အခွင့်အရေးများ ရယူသည့်နည်းလမ်းများကို အသုံးပြုရန်။
-ဖုန်းအားစမ်းသပ်စစ်ဆေးခြင်း၊ပြင်ပေးခြင်းနှင့်အသစ်တလုံးဖြင့်အစားထိုးလဲလှယ်ပေးခြင်း
MAS အနေဖြင့် ဖုန်းတွင်ဖြစ်သည့်ပြဿနာကို စစ်ဆေးဖော်ထုတ်နိုင်ရန်နှင့် စမ်းသပ်ကြည့်နိုင်ရန်အတွက် ဖုန်းအား ယူထားမည်ဖြစ်သည်။ အကယ်၍ ဖုန်းတွင် factory fault ဖြစ်နေကြောင်းကို warranty သက်တမ်းကာလ ပထမ (၁၄) ရက်အတွင်းစစ်ဆေးအတည်ပြုနိုင်မည်ဆိုပါက MAS အနေဖြင့် ပစ္စည်း ရှိ/မရှိ အပေါ်တွင် မူတည်၍ ၎င်းဖုန်းအမျိုးအစား၊ အသေးစိတ်အချက်များတူသော ဖုန်းတစ်လုံးနှင့် အစားထိုး ပေးရန် စီစဉ်ရမည်ဖြစ်သည်။ ထို့နောက် ၁၅ ရက်မြောက်နေ့နောက်ပိုင်းတွင် ဖုန်းအား MAS က ပြုပြင်ပေးမည်ဖြစ် သည်။ Customer ဘက်မှ ဖုန်းပြုပြင်ရာတွင် အသုံးပြုရသည့် အပိုပစ္စည်းဖိုးအား ကျခံပေးပြီး MAS အနေဖြင့် ဖုန်းအား အခမဲ့ပြုပြင်ပေးမည်ဖြစ်သည်။ ဖုန်းအားပြုပြင်ရာတွင် ဖုန်း သို့မဟုတ် အပိုပစ္စည်းမှာ အသစ် သို့မဟုတ် ပြင်ဆင်မွမ်းမံထားသော်လည်း Mobile Care က သတ်မှတ် ထားသော အရည်အသွေးမီသည့် ပစ္စည်းမျိုးကိုသာ အသုံးပြုမည်ဖြစ်သည်။ ယင်းသို့ Mobile Care က အသစ်လဲလှယ်ပေးလိုက်သော ဖုန်း သို့မဟုတ် တပ်ဆင်ပေးလိုက်သော အပိုပစ္စည်းသည် Mobile Care ၏ ပစ္စည်းအဖြစ် သတ်မှတ်ထားသည်။
-ဖုန်းပြုပြင်ချိန်နှင့် အပိုပစ္စည်းများရရှိနိုင်မှု
ဖုန်းတစ်လုံးပျက်၍ ရောက်ရှိလာသည့်အခါတိုင်း Mobile Care က မြန်ဆန်စွာ စစ်ဆေးကြည့်ရှု၍ ပြုပြင် ပေးရန် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်သည်။ သို့ရာတွင် ဖုန်းပြုပြင်မှုပြီးစီးရန်မှာ ဖုန်းတွင်လဲလှယ် တပ်ဆင်ပေးရမည့် အပိုပစ္စည်းရရှိမှုနှင့် ဖုန်းတွင်ဖြစ်သည့်ပြဿနာအတိုင်းအတာပေါ်မူတည်၍ အချိန် ယူဆောင်ရွက်ပေးရမည် ဖြစ်သည်။ အကယ်၍ အစားထိုးတပ်ဆင်ရမည့်အပိုပစ္စည်းပြတ်လပ်နေပါက MAS အနေဖြင့် ခန့်မှန်းပြင်ဆင်ပြီးစီးချိန်အား customer အား အသိပေးမည်ဖြစ်သည်။/p>
-Customer ၏ တာဝန်ဝတ္တရားများ
- ▲ Mobile Care ၏ တရားဝင်သတ်မှတ်ထားသော လုပ်ငန်းစဉ်နှင့်အညီ ဖုန်းဝယ်ယူသည့် နေ့တွင် ဖုန်းအား Mobile Care Warranty Program မှတ်ပုံတင်ရန်၊
- ▲ Mobile Care Warranty မှာ data losses ဖြစ်ခြင်း သို့မဟုတ် data corruption တို့အတွက် တာဝန် ယူမည် မဟုတ်သဖြင့် ဝန်ဆောင်မှုမပေးမီတွင် အားလုံးသော personal data များအား back up လုပ် ထားရန်၊
- ▲ ဖုန်းအား စစ်ဆေးရန်အတွက် တောင်းဆိုလာပါက ဖုန်းတွင်ရှိသော SIM card, memory card များ၊ passcode များ၊ account lock များအား ဖယ်ရှားပေးရန်။
- ▲ ဖုန်းအား ထုတ်လုပ်သည့်ကုမ္ပဏီ၏လမ်းညွှန်ချက်များနှင့်အညီသာ အသုံးပြုပြီး မလုပ်သင့်သော ပြင်ဆင် ပြောင်းလဲမှုများမှ ရှောင်ကြဉ်ရန်။
- ▲ ဖုန်းချွတ်ယွင်းပါက ချက်ခြင်းအကြောင်းကြားရန်နှင့် ဖုန်းအခြေအနေ ပိုဆိုးမလာစေရန် အတွက် ဆက်မသုံးပဲထားရန်။
-တာဝန်ရှိမှုအား ကန့်သတ်ထားခြင်း
Customer တစ်ဦး၏ဖုန်း ပျက်စီးသွားမှုနှင့်ဆက်စပ်သော (ဒေတာများ ပျောက် ဆုံးခြင်း၊ စီးပွားရေး လုပ်ဆောင်ရာတွင် အဟန့်အတားဖြစ်စေခဲ့ခြင်း၊ လုပ်ငန်းတွင်ဆုံးရှုံးနစ်နာသွားခြင်း သို့မဟုတ် အဆင် မပြေမှုများဖြစ်ပေါ်ခဲ့ခြင်းတို့အပါအဝင်နှင့် ၎င်းကိစ္စများချည်းသာဟူ၍ ကန့်သတ်မထားဘဲ) နောက်ဆက် တွဲဆုံးရှုံးနစ်နာမှုများအတွက် Mobile Care Warranty တွင် တာဝန်မရှိပါ။ ဤ warranty အရ ပေးအပ်မည့် သက်သာခွင့်မှာ ဖုန်းအားပြုပြင်ပေးခြင်း၊ လိုအပ်ပါက ဖုန်းအသစ်ဖြင့်အစားထိုးလဲလှယ်ပေးခြင်း သို့မဟုတ် အထက်တွင်ဖော်ပြထားသကဲ့သို့ ဝန်ဆောင်ခ အခမဲ့ဖြင့် ဆောင်ရွက်ပေးခြင်းတို့သာပါဝင်မည် ဖြစ်သည်။ Mobile Care Warranty ၏ စုစုပေါင်းပေးရန်တာဝန်ရှိသည့် ပမာဏမှာ ဖုန်းဝယ်ယူစဉ်က ကုန်ကျသည့်ဈေးနှုန်းထက် မပိုစေရပါ။
-လွှဲပြောင်းခြင်း၊ ရပ်စဲသွားခြင်းနှင့် ပြင်ဆင်ခြင်း
ဤ warranty မှာ ဖုန်းအား မူလဝယ်ယူသူအတွက်သာ အကျုံးဝင်မည်ဖြစ်ပြီး နောက်ထပ်ပိုင်ရှင်တစ်ဦးထံ သို့ warranty အား အကျိုးခံစားခွင့်လွှဲပြောင်းပေးခွင့်မရှိပါ။ အကယ်၍ ဖုန်းပျောက်ဆုံးခြင်း၊ warranty နှင့်အကျုံးမဝင်သောအနေအထားဖြင့် ပြုပြင်၍မရနိုင်လောက်အောင် ဖုန်း ပျက်စီးသွားခြင်း သို့မဟုတ် MAS အနေဖြင့် ဖုန်း၏ပြဿနာအား စစ်ဆေးကြည့်ရှု၍မရစေရန် ဖုန်းတွင် ပြောင်းလဲ ပြင်ဆင်မှုများ ပြုလုပ်ထားပါက ဤ warranty မှာ ရပ်စဲသွားမည်ဖြစ်သည်။ Mobile Careအနေဖြင့်ရှင်းလင်းပြတ်သားမှုရှိစေရန်သို့မဟုတ်ဖုန်း၏လုပ်ဆောင်မှုဆိုင်ရာအပြောင်းအလဲများအပေါ် သက်ရောက်မှုရှိစေရန်အတွက် ဤစည်းကမ်းချက်များအား ပြင်ဆင်ပိုင်ခွင့်ရှိပြီး၊ အရေးကြီးသော အပြောင်းအလဲများပြုလုပ်ထားခြင်းအားကျိုးကြောင်းဆီလျော်စွာအသိပေးအကြောင်းကြားမည်။
-ဆက်သွယ်ရန်နှင့် ပံ့ပိုးကူညီမှု
Customer အနေဖြင့် Mobile Care Warranty နှင့်စပ်လျဉ်း၍ အကျုံးဝင်စေရန်လည်းကောင်း၊ စာရင်းသွင်းရန်လည်းကောင်း၊ ဖုန်းပြင်ပေးရန်တောင်းဆိုရန် သို့မဟုတ် ဖုန်းအား ကြည့်ရှုစစ်ဆေးပေးစေရန်တို့အတွက် Mobile Care Dealer သို့မဟုတ် MAS တစ်ခုခုသို့ သွားရောက်ရမည်ဖြစ်သည်။ ဆက်သွယ်ရန် အချက် အလက်များ၊ ဆိုင်ဖွင့်ချိန်နှင့် MAS လိပ်စာများအား Mobile Care ၏ ဝက်ဆိုက်နှင့် ထုတ်ပြန် ချက်များတွင် ဖော်ပြထားမည်ဖြစ်ပါသည်။